Wednesday, September 23, 2009

အွန်လိုင်းလူမှု အဖွဲ့အစည်းဖွံ့ဖြိုး လာသည် နှင့်အမျှ မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်သော ဘလော့နှင့် ကိုယ်ပိုင်ရေး ၀က်ဘ်ဆိုက်ပေါင်း လေးသိန်း နီးပါးရှိလာ

အွန်လိုင်းလူမှု အဖွဲ့အစည်းဖွံ့ဖြိုး လာသည် နှင့်အမျှ မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်သော ဘလော့နှင့် ကိုယ်ပိုင်ရေး ၀က်ဘ်ဆိုက်ပေါင်း လေးသိန်း နီးပါးရှိလာ
............................................................................

အွန်လိုင်း လူမှုအဖွဲ့အစည်း (Online Community) ကျယ်ပြန့် ဖွံ့ဖြိုးလာသည်နှင့်အမျှ e-Culture အသွင်သဏ္ဌာန်သို့ ကူးပြောင်းလာခြင်း ဖြစ်ပြီး မြန်မာဘာသာဖြင့် လေ့လာ ဖတ်ရှုနိုင်သော ဘလော့နှင့်ကိုယ်ပိုင် ရေး ၀က်ဘ်ဆိုက်ပေါင်း လေးသိန်းနီးပါး ရှိလာခြင်းသည် အဓိကပြယုဂ်သဖွယ် အဖြစ်ရှိလာခဲ့ပြီဟု Myanmar ING မှ Vice Presidentကိုရဲမင်းသွင်က ပြောကြားခဲ့ပါသည်။

အွန်လိုင်း လူမှုအဖွဲ့အစည်းတိုး တက်လာခြင်းမှတစ်ဆင့် e-Culture အသွင်သဏ္ဌာန် ကူးပြောင်းလာသည် ဟုဆိုရာ၌ လူငယ်များသည် မိမိတို့ ကိုယ်ပိုင်အသိပညာများ၊ ကိုယ်ပိုင် နည်းပညာ ဖန်တီးချက်များ၊ လက် တွေ့လူနေမှုဘ၀တွင်ထင်ဟပ်စေမှု များအား ၀က်ဘ်ဆိုက် တစ်ခုဖန်တီး ကာ ယင်းမှဝေဖန်သုံးသပ်ချက်များ နှင့်လူနေမှုဘ၀တွင် ယဉ်ကျေးမှုဆက် ဆံရေးသဖွယ် ဖန်တီးလာခြင်းဟု ဆို ခြင်းဖြစ်ကြောင်းသိရှိရသည်။

ထိုမှတစ်ဆင့် e-Govt ၊ e-Health ၊ e-Learning များဖြင့်နည်း ပညာများ အသုံးပြုကာ အချင်းချင်း ဆက်သွယ် ပြောဆိုမှုများဖြင့် ယဉ် ကျေးမှု တည်ဆောက်ခြင်းများသည် များစွာ အကျိုးဖြစ်ထွန်းမှုများရှိလာ ကြောင်းအရှေ့တောင်အာရှနိုင်ငံများ ထဲမှ အိန္ဒိယနိုင်ငံတွင် SMS စနစ်မှ နည်းပညာအသုံးပြု၍ ခွဲစိတ်ကုသမှု တစ်ရပ်အောင်မြင်ခဲ့ခြင်းသည် အဓိက သာဓက တစ်ခုဖြစ်ခဲ့ကြောင်း Myanmar ING မှ ဒါရိုက်တာ ကိုကောင်းမြတ် ထွဋ်ကပြောပြခဲ့သည်။

''အခုလို Online Community ဖွံ့ဖြိုးလာတာနဲ့အမျှ မြန်မာဘာသာ နဲ့ ဖတ်ရှုနိုင်တဲ့ကိုယ်ပိုင်ရေး ဘလော့ ပေါင်းလေးသိန်းနီးပါး လောက်ကိုဖတ် နိုင်နေပြီ။ ဒါကိုသာ အပြည့်အ၀ အသုံးချနိုင်မယ်ဆိုရင် ဒီရဲ့ Impact က တော်တော်ကိုများမှာပါ''ဟု Online Community ၏အကျိုးသက်ရောက် မှုအား ကိုရဲမင်းသွင်ကဆက်လက် ရှင်းပြခဲ့သည်။

လွန်ခဲ့သော ဆယ်စုနှစ်တစ်ခု နှင့် နှိုင်းယှဉ်ပါကနည်းပညာသုံးစွဲ သူများ၏ အခန်းကဏ္ဍသည် ရာနှုန်း ပြည့်နီးပါးတိုးတက် လာခဲ့သည်ဟု ဆိုနိုင်ကြောင်းနှင့် နည်းပညာအား အပြည့်အ၀ သုံးစွဲနိုင်ခြင်းသာနည်း ပါးနေသေးကြောင်းကို အိုင်တီကျွမ်း ကျင်သူတစ်ဦးက ''၂၀၀၀ ပြည့်နှစ် လောက်တုန်းက အင်တာနက်၊ အီး မေးလ်သုံးစွဲနိုင်သူက လက်ချိုးရေလို့ ရခဲ့တယ်။ လူ ၁၀၀ လောက်သာ သုံးစွဲနိုင်ခဲ့တဲ့အခြေအနေပါ။ အခု အချိန်မှာနည်းပညာနဲ့ပတ်သက်လို့ သုံးစွဲသူတော်တော်များများရှိနေပြီ။ ဒါပေမယ့် အပြည့်အ၀အသုံးချနိုင်မှုမှာ အားနည်း နေသေးပါတယ်''ဟု ပြော ကြားခဲ့သည်။

ယခုအခါ အိုင်တီနည်းပညာ ရပ်များနှင့်ပတ်သက်၍ ကိုယ်ပိုင် ၀က်ဘ်ဆိုက်ဖန်တီးသူ၊ ဘလော့ရေး သားသူအများစုမှာ ပညာရေး၊ လူမှု ရေး၊ လူငယ်ရေးရာ၊ ဖက်ရှင်ကဏ္ဍ၊ ကျန်းမာရေးကဏ္ဍများအပြင် စီးပွား ရေးနယ်ပယ်အသီးသီးမှဖြစ်ကြကာ အွန်လိုင်းနည်းပညာများမှတစ်ဆင့် ယဉ်ကျေးမှု ဆက်ဆံရေးကွန်ရက် သဖွယ်ရှိလာခဲ့သည်ဟု လေ့လာ အသုံးပြုသူ အချို့ကမှတ်ချက်ပြုသည်။

''နည်းပညာရပ်တွေသုံးစွဲ နေသူတွေမှာ အွန်လိုင်းအသုံးပြုမှု၊ ဘလော့အသုံးပြုမှု တစ်ခုတည်းမဟုတ် ပါဘူး။ Social Community မှာ အကျိုးသက်ရောက်မှုတွေဖြစ်လာဖို့ ဒီကနေတစ်ဆင့်ပဲ အများကြီးလုပ် သွားလို့ရပါတယ်''ဟု နည်းပညာ ရပ်ဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးက ထောက်ပြပြောဆိုခဲ့သည်။
ယုလွင်စ

No comments: