Thursday, January 21, 2010

စိတ္တဇနာမ်များ

၁။ အချစ်

ကမ္ဘာဦးက

ကျောက်တုံး နှစ်တုံးခတ်မှမီးကိုရသလို

ရင်ဘတ်ချင်း ခတ်ပြီးမွှေးတဲ့မီး .....။

၂။ အမုန်း

ဆိုက်ကားစီးသလိုကျောချင်းကပ်

ဆန့်ကျင်ဘက်မျက်နှာမူပြီး

နီးလျှက်နဲ့ ဝေးနေခြင်း .....။

၃။ အလွမ်း

နှလုံးသားပေါ်က

စုတ်ချက်ကြမ်းကြမ်းနဲ့

အခမ်းနားဆုံးဆေးမင်ကြောင် .....။

မှတ်ချက်။ ။ကဗျာဆရာ တစ်ယောက်တည်း၏

အယူအဆဖြစ်ပါသည်.....။ ။


http://chocolatemyotaw.ning.com: chung ta a si......
--
www.en.netlog.com/olesyanls

No comments: